"အမေ့ကို တကယ်ချစ်တဲ့၊ အမေကလည်း တကယ်ချစ်တဲ့ ချစ်သူက ဆုံးပါးသွားခဲ့တယ်" - ဒေါ်စန်းစန်းဝင်း
Mercury Variety Mercury Variety
44.8K subscribers
150,698 views
1.8K

 Published On Premiered Jun 28, 2023

"အမေ့ကို တကယ်ချစ်တဲ့၊ အမေကလည်း တကယ်ချစ်တဲ့ ချစ်သူ ကိုမြင့်လွင်က ဆုံးပါးသွားခဲ့တယ်၊ ကိုခင်မောင်ချင်းက အားပေးနေချိန်မှာ ပတ်ဝန်းကျင်က ပြောလာတဲ့စကားတွေကြောင့် ယူသင့်ယူထိုက်တဲ့သူမို့ ယူခဲ့တာပါ" - ဒေါ်စန်းစန်းဝင်း (ဝါရင့်သရုပ်ဆောင်)
----------------
"အမေ့ကို တကယ်ချစ်တဲ့သူက ဆုံးပါးသွားခဲ့တယ်။ အမေကလည်း တကယ် ချစ်လိုက်တယ်။ သူ ဆုံးသွားတဲ့အချိန်မှာ ကိုခင်မောင်ချင်းက သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ အမေ့ကို လာပြီး အားပေးခဲ့တယ်။ အဲ့ဒီလို သူက လာပြီး အားပေးနေချိန်မှာ ပတ်ဝန်းကျင်က ညားနေပြီတို့ ဘာတို့ ပြောလာတယ်။ အဲ့တော့ ယူသင့်တဲ့ယောက်ျားတစ်ယောက်လည်းဖြစ်တယ်၊ ပညာတတ်လည်းဖြစ်တယ်ဆိုတော့ ယူလိုက်တာပေါ့နော်။ တကယ့်တကယ်က အမေ့ဘဝမှာ တကယ်ချစ်တဲ့သူက ဆုံးသွားခဲ့ပြီ။ ကိုမြင့်လွင်တဲ့။ အင်းလျားလမ်း ခြံနံပါတ် ၇၀(A)က။ ကိုခင်မောင်ချင်းက မိဘမျိုးရိုး သန့်တယ်၊ ပညာတတ်တယ်၊ အနွံတာ ခံတယ်၊ ရုပ်ဆင်းရူပကာလည်း ရှိတယ်ဆိုတော့ ယူသင့်တဲ့လူဆိုတော့ ယူလိုက်တယ်လေ။ ကိုခင်မောင်ချင်းနဲ့ ကွဲသွားပေမယ့် သူ့ကို မမုန်းဘူး။ သူ့ကို ကလေးတွေရဲ့အဖေဆိုတာ သိတယ်။ သူ့မကောင်းကြောင်းကိုပြောရင် ကွဲနေပေမယ့် မကြိုက်ဘူး။ သူ့ အခုမိန်းမကိုလည်း အမေ ခင်တယ်" - ဒေါ်စန်းစန်းဝင်း (ဝါရင့်သရုပ်ဆောင်)
#MercuryVariety #MV #MercuryExclusiveInterview #MercuryCelebrityInterview #ExclusiveInterview #CelebrityInterview #DawSanSanWin #‌ဒေါ်စန်းစန်းဝင်း #ဦးခင်မောင်ချင်း #UKhinMaungChin #Celebrity #Celebrities #Love #သရုပ်ဆောင် #Act #Acting #Actress #Actor #LifeStory #Yangon #Myanmar

show more

Share/Embed