(၇၂) နှစ်မြောက် ကရင့်အာဇာနည်နေ့ ကော်သူးလေတပ်မတော် ဌာနချုပ်တွင် ကျင်းပ
MizzimaTV MizzimaTV
2.85M subscribers
265,335 views
6.2K

 Published On Aug 13, 2022

(၇၂) နှစ်မြောက် ကရင့်အာဇာနည်နေ့ ကော်သူးလေတပ်မတော် ဌာနချုပ်တွင် ကျင်းပ


မဇ္ဈိမ။ ။ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ ကော်သူးလေတပ်မတော်ဌာနချုပ်(KTLA) တွင် ဩဂုတ်လ ၁၂ရက်နေ့၌ ကျရောက်သည့် (၇၂)နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့ကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် အာဇာနည်ကျောက်တိုင်၌ လွမ်းသူ့ပန်းခွေချခြင်း၊ ကော်သူးလေ တပ်မတော်(KTLA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးဘိုမြ မှ ပေးပို့သည့် မိန့်ခွန်းကို ဖတ်ကြားခြင်းနှင့် တပ်ရင်းမှူး၊ ဗျူဟာမှူးများမှ မိန့်ခွန်းများပြောကြားခဲ့သည်။

“အခုလုပ်နေတာက ပြည်သူရဲ့အခွင့်အရေးနဲ့ ပြည်သူ့ရဲ့ အမျိုးသားအခွင့်အရေး တန်းတူညီမျှ အခွင့်အရေးတွေပြန်ရနိုင်ဖို့အတွက် ကျွန်တော်တို့တော်လှန်ရေး ဆက်လုပ် တယ်။ ဒီအာဇာနည်သွေးက မပျောက်သေးဘဲနဲ့ နောက်တစ်ဖန် အသစ်တစ်ဖန် ပြန်မွေးဖွားပြီးတော့ ကျွန်တော်တို့ ဆက်လုပ်သွားမယ်”ဟု ကော်သူးလေ တပ်မတော် (KTLA)ဗျူဟာမှူး ဗိုလ်အယ်ဆေးဝါးက မဇ္ဈိမကိုပြောသည်။

ကရင်အမျိုးသားလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသည့် ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီးနှင့်တကွ အသက်ပေးလှူခဲ့ကျသည့် အာဇာနည်များကို ဂုဏ်ပြုသောအားဖြင့် ကရင့်အမျိုးသားအာဇာနည်နေ့ကို နှစ်စဉ်ကျင်းပခဲ့သည်။

ခေတ်အဆက်ဆက် မြန်မာအစိုးရသည် ကရင့်အာဇာနည်နေ့ကို ပြုလုပ်ခွင့်မပေးခဲ့ဘဲ ဖမ်းဆီးအရေးယူမှုများပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၁ခုနှစ်တွင်လည်း ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီး၏ ဇာတိဖြစ်သည့် ဧရာဝတီတိုင်း ကန်ကြီးဒေါင့်မြို့နယ် ဘဲဂရက်ကျေးရွာတွင် ပြုလုပ်သည့် ကရင့်အာဇာနည်နေ့ကို စစ်ကောင်စီတပ်နှင့်ရဲများမှ လာရောက်ပိတ်ပင် ဖျက်ဆီးခဲ့သည်။

ရိုက်ကူး/တည်းဖြတ် ဟန်ထူးဇော်

စာတည်း။ ။မောင်ကောင်း
စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး
#ကရင့်အာဇာနည်နေ့
#၇၂နှစ်မြောက်
#KNLA
#စောဘဦးကြီး

-----------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် Mizzima Youtube Channel မှာ member အနေဖြင့် ၀င်ရောက်ကူညီထောက်ပံ့ပေးဖို့ တိုက်တွန်းလိုက်ပါရစေ.
   / @mizzimanewstv  
-----------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်လီုက်ပါရစေ.လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

Free Download -- Mizzima TV App -- http://onelink.to/jnuwak/
Follow us on other platforms :
Facebook ( Myanmar Language)-  / mizzimadaily  
Facebook (English language)-  / mizzimamyanmarnews  
Facebook (Mizzima+TV)-  / mizzimaplustv  
Twitter   / mizzimanews  
Telegram https://t.me/mizzimatv/
Website : https://www.mizzima.com/ https://www.mizzimaburmese.com/
https://www.mizzima.tv/
...............................................
About Us :
Mizzima TV is an Online TV content provider that is run by Burmese journalists who are based in neighboring countries of Burma (Myanmar).We strive to produce world-class contents for Burmese as well as those who care about Burma affairs.
......................................................

show more

Share/Embed