ရခိုင်စစ်ရေးပြင်းထန်ချိန် လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ထပ်ပြီး ပေါက်ကွဲထွက်လာနိုင်လား
BBC News မြန်မာ BBC News မြန်မာ
1.85M subscribers
540,359 views
9K

 Published On Premiered Apr 20, 2024

ဒီတစ်ပတ် သတင်းမြင်ကွင်း အစီအစဥ်မှာတော့ ရခိုင်ထဲမှာ ပေါ်ပေါက်နေတဲ့ အခြေအနေတွေ အကြောင်း အာရုံစိုက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ တိုက်ပွဲတွေ ပြင်းထန် နေခဲ့တဲ့ ရခိုင်ရဲ့ မြေပြင် အခြေအနေဟာ ပိုပြင်းထန် ရှုပ်ထွေးလာပါတယ်။ အခုဆိုရင် လူမျိုးရေး အခြေခံ ပဋိပက္ခတွေ အသွင်မျိုး ရခိုင်မှာ နောက်တစ်ကြိမ် ထပ်မံ ပေါက်ကွဲ ထွက်လာတော့မလား ဆိုတဲ့ နိုင်ငံတကာ စိုးရိမ်ချက်တွေ အတော်လေး ကြီးကြီးမားမား ရှိနေပါတယ်။

အကြောင်းကတော့ စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို အသက် သွင်းလိုက်ပြီးတဲ့နောက်မှာ၊ ရိုဟင်ဂျာတွေကိုပါ စစ်ကောင်စီတပ်တွေဟာ ရှေ့တန်း စစ်မျက်နှာပြင်မှာ အသုံးချလာခဲ့တယ် ဆိုတဲ့ သတင်းတွေ စပြီး ထွက်လာခဲ့ပါတယ်။ အခု နောက်ဆုံး ကြားသိလာရတာ ကတော့ ဘူးသီးတောင်မှာ ဆိုရင် ရခိုင်လူမျိုးတွေရဲ့ နေအိမ်တွေကို အဓိက ပစ်မှတ်ထားပြီး မီးတိုက် ဖျက်စီးခဲ့သူတွေထဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ အတူ သူတို့ စစ်သင်တန်း ပေးထားတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေပါ ပါတယ်လို့ ဘီဘီစီကို ပြောကြသူတွေ ရှိပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဘူးသီးတောင် မီးရှို့မှု ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ငြင်းဆိုသလို၊ ရိုဟင်ဂျာ မွတ်ဆလင်တွေကို စစ်မျက်နှာပြင်မှာ အသုံးချနေတယ် ဆိုတဲ့ အချက်ကိုလည်း ငြင်းဆိုထားပါတယ်။ မွတ်ဆလင်မ်တွေဘက်က လုံခြုံရေးအရ တောင်းဆိုတဲ့ အတွက် မိမိကိုယ်ကိုယ် မိမိ ခုခံ ကာကွယ်ပိုင်ခွင့် ရှိရမယ် ဆိုတဲ့ ရှုထောင့်အမြင်နဲ့ သူတို့လုံခြုံမှု ရှိအောင် လုပ်ဆောင် ပေးခဲ့တာတော့ ရှိတယ်လို့ ဘီဘီစီကို ဖြေဆိုပါတယ်။

ဒီတော့ ... ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးတာ၊ လက်နက် တပ်ဆင်ပေးတာမျိုးတွေဟာ စစ်မှုမထမ်းမနေရ ဥပဒေ အောက်က မဟုတ်ဘူးဆိုရင်၊ ပြည်သူ့စစ်ပုံစံ ဖွဲ့ပေးတာလား ... ဘယ်လို ပုံစံမျိုးလဲ ဆိုတဲ့ အသေးစိတ် အချက်တွေကိုတော့ မပြောပါဘူး။ ဒါပေမယ့် ရိုဟင်ဂျာ ရွာတချို့ပေါ် အေအေရဲ့ လက်နက်ကြီးကျည် ကျတာမျိုးတွေ၊ စစ်တပ်နဲ့ ပေါင်းတယ် ဆိုပြီး အေအေက မီးရှို့လိုက်တာ မျိုးတွေ ဖြစ်ခဲ့တယ်လို့ စစ်ကောင်စီဘက်ကလည်း တန်ပြန် ပြောဆိုပါတယ်။

ဒီတော့ အခု လက်ရှိ စစ်ရေး အခြေအနေတွေကြားထဲမှာ ရခိုင်နဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကြား လူမျိုးရေး ပဋိပက္ခအသွင် အုံကြွ ပေါက်ကွဲ ထွက်လာနိုင်လား ... ဘယ်လို ဟန့်တား နိုင်ကြမလဲ ... စစ်မှုထမ်းဥပဒေဟာ ရိုဟင်ဂျာ အသိုင်းအဝိုင်း အပေါ် ပိုပြီး သက်ရောက် ရိုက်ခတ်မှု အတိုင်းအတာ ပြင်းထန်တယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဘာလို့ ထောက်ပြရတာလဲ ... စတာတွေကို ဒီ တစ်ပတ် အသေးစိတ် ကြားကြရဖို့ ရှိပါတယ်။

ဒီတစ်ပတ် ပါဝင်ဆွေးနွေးကြသူတွေကတော့ ရခိုင်မှာ ပဋိပက္ခတွေ အရှိန်အဟုန် အကြီးမားဆုံး ဖြစ်ခဲ့တဲ့ ၂၀၁၇ က စလို့ ၂၀၂၀ အထိ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ခံအရာရှိ တစ်ယောက်အဖြစ် စစ်တွေ အခြေစိုက် အနီးကပ်ဆုံး ရှိနေခဲ့တဲ့ ဒုက္ခသည် ကူညီရေး IOM အဖွဲ့ရဲ့ အဲဒီ အချိန်က ပရောဂျက် မန်နေဂျာ ပေါ်လ် ဂရင်းနင်းနဲ့ ရိုဟင်ဂျာ အခွင့်အရေး လှုပ်ရှားသူ Burmese Rohingya Organisation UK ရဲ့ ဥက္ကဋ္ဌ ကိုထွန်းခင်တို့ ဖြစ်ပါတယ်။

ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ် တင်ဆက်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

show more

Share/Embed