Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
Khit Thit Media Khit Thit Media
2.12M subscribers
356,480 views
17K

 Published On Oct 18, 2024

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရပြီး ၊ ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာပဲ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ စစ်ကားတစ်စီးဟာ အတင်း မောင်းပြေးသွားတယ်လို့ မျက်မြင်တွေ့ရှိသူ တချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-အကြမ်းဖက် စစ်ကောင်စီက KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးမှာရှိတဲ့ လမိုင်းယန် ကျေးရွာကို လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးသွားခဲ့ရပြီး ၊ စစ်ကောင်စီဘက်လေယာဉ်ကို တရုတ် ဘက်က မီးကျည် အချက် ၂၀ ပစ်ဖောက်ပြီး သတိပေးတာတွေလည်း ရှိနေတယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ကရင်ပြည်နယ် ၊ မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်ရုံးမှာ အကြမ်းဖက် စစ်ကောင်စီ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ရာအိမ်မှူး မြင့်ဆိုး ဆိုသူက ပွဲချင်းပြီး သေသွားတဲ့အပြင် အခြား ရာအိမ်မှူး ဝင်းကိုဆိုသူက ပြင်းထန်ဒဏ်ရာရသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

show more

Share/Embed