စီးပွါးရေးလုပ်တတ်ချင်ရင် ဘယ်သင်တန်းမှ တတ်စရာမလိုဘူး ဒီဗီဒီယိုကို ကြည့်ရင်ရပြီ
အလီဘာဘာ အလီဘာဘာ
85.5K subscribers
169,875 views
8.8K

 Published On Sep 7, 2023

ကိုယ်ပိုင် စီးပွါးရေးလုပ်တော့မလား?
စီးပွါးရေးသင်တန်းကောင်းတခုကို တတ်၊ စီးပွါးရေးနဲ့ဆိုင်တဲ့ ဘွဲ့တခုခုကိုရအောင်ယူ

ဝင်ငွေကောင်းချင်လား?
စီးပွါးရေးသင်တန်းကောင်းတခုကို တတ်၊ စီးပွါးရေးနဲ့ဆိုင်တဲ့ ဘွဲ့တခုခုကို ရအောင်ယူ

လုပ်ငန်းခွင်မှာ နေရာကောင်းတခု လိုချင်လား?
စီးပွါးရေးသင်တန်းကောင်းတခုကိုတတ်၊ စီးပွါးရေးနဲ့ဆိုင်တဲ့ ဘွဲ့တခုခုကိုရအောင်ယူ

ဒီစကားတွေကို Facebookမှာကော အပြင်လောကမှာပါ ပြောကြဆိုကြရေးသားနေကြတယ်။

ဒီတော့ ပြန်မေးရမှာက အောင်မြင်တဲ့ ကိုယ်ပိုင်လုပ်ငန်းတခု တည်ဆောက်ဖို့အတွက် စီးပွါးရေးဘွဲ့ရမှ ဖြစ်မှာလား?

ကျွန်တော်တို့ကြားထဲမှာ စိုက်ဝင်နေတဲ့ အယူအဆအချို့ရှိပါတယ်
စီးပွါးရေးလုပ်တော့မယ်ဆိုရင်
- စီးပွါးရေးနဲ့ ပတ်သတ်တဲ့ ဘွဲ့တခုခု ရထားရမယ်
- အခြားကုမ္ပဏီကြီးတွေမှာ အတွေ့အကြုံရအောင် အလုပ်သင်အနေနဲ့ ဝင်လုပ်ရမယ်
- ငွေကြေးအလုံအလောက်ရှိထားဖို့ လိုအပ်တယ် ဆိုတဲ့ အယူအဆတွေ ကျွန်တော်တို့မှာ ရှိနေတယ်

စီးပွါးရေးလုပ်ငန်းတခု တည်ဆောက်ဖို့ ပြောပြသွားတဲ့အချက်တွေ မလိုအပ်ပါဘူး
ဒါကို ကျွန်တော်ပြောတာမဟုတ်ပါဘူး၊ ဒီနေ့ ရွေးချယ်ထားတဲ့ (သယ် ပါဆင်နယ် အမ်ဘီအေ) The Personal MBA စာအုပ်ရေးသားသူ ကမ္ဘာကျော်စာရေးဆရာကြီး ဂျော့ ကာဖ့်မန်းကိုယ်တိုင် ပြောပြထားတာ ဖြစ်ပါတယ်

ခင်ဗျားအနေနဲ့ ဘယ်လိုစီးပွါးရေးလုပ်ငန်းတွေဘဲလုပ်လုပ် မဖြစ်မနေတတ်မြောက်ထားရမယ့် စီးပွါးရေးပညာရပ်တွေကို လေ့လာသင်ယူချင်ပါသလား?
ပိုက်ဆံတပြားမှကုန်စရာမလိုဘူး၊ ဘယ်စီးပွါးရေးသင်တန်းကျောင်းကိုမှ တတ်စရာမလိုဘူး
ဒီဗီဒီယိုမှာ ခင်ဗျားတတ်မြောက်ထားရမယ့် စီးပွါးရေးပညာရပ်တွေကို အပြည့်အစုံပြောပြပေးသွားမှာပါ
လက်တွေ့စီးပွါးရေးလုပ်ငန်းနယ်ပယ်မှာ အရမ်းအသုံးဝင်တဲ့ ပညာရပ်တွေဖြစ်တာမို့ ဒီဗီဒီယိုကို အဆုံးထိကြည့်ပေးဖို့လိုပါမယ်


ကဲ ကြည့်ကြရအောင်


#အ_လီ_ဘာ_ဘာ_စာ_ကြည့်_တိုက်
#အ_လီ_ဘာ_ဘာ

show more

Share/Embed