အမေစု လက်ရေးမူကဗျာ ကို ဘာကြောင့် လေလံတင် ရောင်းချလဲ?
Myanmar Celebrity Myanmar Celebrity
3.04M subscribers
29,661 views
1K

 Published On Sep 5, 2020

"အမေစု ရဲ့ ကဗျာ က စာလုံး အရေအတွက် အားဖြင့် (၅၂) လုံးပဲ ရှိပါတယ်။ ဒီကဗျာလေး ကို ကိုယ့်သမီး အတွက် အမွေ အဖြစ် ပေးဖို့ စိတ်ကူး ထားပေမယ့် ကိုယ့်ကိုယ်ကျိုး ထက် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD Party အောင်နိုင်ရေးက ပိုအရေးကြီးတယ် ခံစားရလို့ ဒီကဗျာလေးကို လေလံတင် ရောင်းချ ဖြစ်တာပါ။ ဒီကဗျာလေး ကို အသုံးပြုပြီး ပါတီ အောင်နိုင်ရေး အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် အနေ နဲ့ ပါဝင်ချင်တယ်" လို့ အမေစု ရဲ့ လက်ရေးမူ ကဗျာ စာရွက် ကို လေလံ / စျေးပြိုင်စနစ် ဖြင့် ရောင်းချနေတဲ့ အပေါ် ပြောလာတဲ့ ကဗျာဆရာ/ ဒါရိုက်တာ မင်းထင်ကိုကိုကြီး နှင့် ခဏတာ။

ဒီကဗျာစာရွက် ရောင်းရငွေ ကို လာမယ့် 2020 Election / ၂၀၂၀ ရွေးကောက်ပွဲ မှာ NLD Party အောင်နိုင်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် လှူဒါန်း သွားမယ်လို့ သိရပါတယ်။ ဒီကနေ့ ၊ စက်တင်ဘာလ (၄) ရက်နေ့ ၊ ည (၉) နာရီ အချိန်တွင် ကဗျာစာရွက်လေးကို ငွေကျပ် သိန်း (၆၀၀) အထိ စျေးပေးထားပြီ လို့ သိရပါတယ်။

လေလံ / စျေးပြိုင် ရောင်းချမှုကို လာမယ့် စက်တင်ဘာလ (၅) ရက်နေ့ ၊ စနေနေ့ည (၉) နာရီ အတိ မှာ REDs Vote NLD ကနေ Live စျေးပြိုင်စနစ် နဲ့ ပိတ်သိမ်းမယ် လို့ သိရပါတယ်။

Myanmar Celebrity TV Update: Min Htin Ko Ko Gyi says why he is selling Daw Aung San Suu Kyi's Handwritten Poem. #MinHtinKoKoGyi #AungSanSuuKyi #NLDVoteCampaing #NLDParty #AMaySuu #AungSanSuuKyiPoem

show more

Share/Embed