Day Trip Bangkok to Ayutthaya by Cruise | သင်္ဘောကြီးစီးပြီး အယုဒ္ဓယ ကို ဘယ်လိုလည်ကြမလဲ
Thiha Lu Lin / Thiha, the Traveller Thiha Lu Lin / Thiha, the Traveller
41.3K subscribers
3,083 views
60

 Published On Aug 27, 2024

ထိုင်းနိုင်ငံ ရဲ့ အယုဒ္ဓယမြို့ဟောင်း ဟာ ကျွန်တော်တို့ မြန်မာတွေနဲ့ ဆက်နွှယ်ပတ်သက်မှုသမိုင်း အကြီးကြီးရှိခဲ့ဖူးတဲ့မြို့ဟောင်းမို့ မြန်မာတွေ အလည်ရောက်အောင် သွားတတ်ကြပါတယ်။ ကားနဲ့သော်လည်းကောင်း၊ ရထားနဲ့သော်လည်းကောင်း သွားတတ်ကြပေမဲ့ Cruise အပျော်စီးဇိမ်ခံသင်္ဘောကြီးစီးပြီး သွားလို့ရတာ သိသူနည်းပါဦးမယ်။
ဒီတစ်ခေါက် ဘန်ကောက် ကနေ အယုဒ္ဓယမြို့ဟောင်းဆီကို ကျွန်တော်ကတော့ အနောက်နိုင်ငံသားတွေ အများစုသာ စီးလေ့ရှိတတ်တဲ့ အပျော်စီးသင်္ဘောကြီး နဲ့ နေ့ချင်းပြန်ခရီး ဘယ်လိုသွားလဲဆိုတာ သိနိုင်ဖို့ လိုက်ပါမှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။
ဒီခရီးစဉ်သွားဖို့ Cruise လက်မှတ်ကိုတော့ Dream Journey Travels & Tours က နေ ဝယ်ယူလိုက်ပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက်ဖြစ်ပြီး မြန်မာလိုလည်း ပြောဆိုဝယ်ယူနိုင်တာမို့ လွယ်လွယ်ကူကူ အဆင်ပြေပြေဖြစ်တဲ့အပြင် ဈေးပါသက်သာပါသေးတယ်ဗျာ။
ဒီလိုခရီးမျိုးစိတ်ဝင်စားရင်တော့ Dream Journey Travels & Tours (ဖုန်း - (+66) 0860223514 နဲ့ (+66) 0991913737 တို့ကို ဆက်သွယ်ဝယ်ယူစီစဉ်ခိုင်းနိုင်ပါတယ်ဗျာ...
.
အားလုံးပဲ အစဉ်ကျန်းမာဘေးကင်း စိတ်ချမ်းမြေ့ကြပါစေ...
သီဟလုလင် | Thiha, the Traveller

show more

Share/Embed