နိုင်ငံပျောက်သူ ဘဝမှ ပရီးမီးယားလိဂ် ထိပ်တန်းအသင်း နည်းပြ ဖြစ်လာသူ
Soccer 88 Soccer 88
70.8K subscribers
6,119 views
274

 Published On Jun 8, 2023

#tottenham
#premierleague
#football

တော့တင်ဟမ် ဟော့စပါး အသင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဆဲလ်တစ် နည်းပြဟောင်း အန်းဂျ် ပို့စတီကိုဂလူးကို အသင်းရဲ့ နည်းပြချုပ် အဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့ ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး သြစတြေလျသား နည်းပြ ဖြစ်လာတဲ့ ပို့စတီကိုဂလူးဟာ ဥရောပ ဘောလုံး ပရိသတ်တွေနဲ့ သိပ်မရင်းနှီးတဲ့ နည်းပြ တစ်ယောက် ဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ ဆဲလ်တစ် အသင်းကို စကော့တလန် ပြည်တွင်း ဖလား ၃ လုံး ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့ ပါတယ်။

ပိုပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်က ပို့စတီကိုဂလူးဟာ ငယ်စဥ်က ဂရိ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံပျောက်သူ ဘဝနဲ့ ပြည်ပကို ထွက်ပြေးခဲ့ရဖူးသူ ဖြစ်နေတာပါပဲ။

#soccer88

show more

Share/Embed