လယ်ယာမြေ
K. Tin K. Tin
1.62K subscribers
38,495 views
719

 Published On Oct 12, 2023

လယ်ယာမြေ
ရေး - ဂီတာတင်အုန်း(ဦး)
ဆို - မြသက်မူ(ဒေါ် )

လယ်ယာမြေ ဒီသီချင်းလေးက တောင်သူလယ်သမား ဘဝနဲ့ ပျော်ရွှင်ဖွယ် တောရွာအလှကို ဖေါ်ညွှန်းထားတာကို တွေ့ရပါတယ်။

ဖေဖေဟာ ကျေးဇူးတရား လွန်စွာသိတတ်သူတစ်ဦးလည်း ဖြစ်တယ်လို့သိရတယ်၊ ဘဝတစ်လျောက် ဖြတ်သန်းကြီးပြင်းရာ အမိအဖ ဆရာသမား နှင့် ကျေးဇူးတင်ထိုက်တဲ့အရာ မှန်သမျှ သူတတ်ကျွမ်းသော တေးသီချင်းများရေးဖွဲ့မူ့ဖြင့် ဂါရဝပြု ကျေးဇူးဆပ်လေ့ရှိတာကို တွေ့ရတယ်၊ ဒီနေရာမှာ ကျေးဇူးရှင် တောင်သူလယ်သမားများကိုလည်း သီချင်းလေးရေးဖွဲ့ ဂါရဝပြုထားတာကို တွေ့ရပါတယ်။

အန်တီကလည်း ဂန္တဝင်အဆိုတော်ကြီး တစ်ဦးလို့မပြောရဘူး နားထောင်သူအပေါင်းကို ဂီတမှာစီးမျှောသွားစေခဲ့တယ်။

လယ်ယာမြေ ဒီသီချင်းလေးကို ဖေါ်ပြရင်းဖြင့် ဖေဖေနှင့် ဂန္တဝင် အဆိုတော်ကြီး အန်တီ ဒေါ်မြသက်မူ တို့အား ရိုသေစွာဖြင့်
ကန်တော့အပ်ပါသည်။
🙏🏻🙏🏻🙏🏻

Credit - background photo
( နောက်ခံပုံလေးတွေ Google မှာရှာ၍ အသုံပြုထားပါသည်၊ မူရင်းပိုင်ရှင်အား အသုံးပြုခွင့်ပေးပါ၍ လေးစားစွာဖြင့် ခွင့်တောင်းခံအပ်ပါတယ်။)

show more

Share/Embed