Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
Khit Thit Media Khit Thit Media
2.07M subscribers
627,794 views
26K

 Published On Sep 26, 2024

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ရခိုင်ပြည်နယ်မှာရှိတဲ့ သံတွဲမြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာပဲ တိုက်လေယာဉ်နဲ့ ဗုံးကျဲမှုကြောင့် ကလေးတွေ၊ အမျိုးသမီးတွေ အပါအဝင် အရပ်သား ပြည်သူ ၁၃ ဦးထက် မနည်း သေဆုံးသွားခဲ့ရပြီး ၊ ၂၃ ဦးထက်မနည်း ဒဏ်ရာတွေ ရထားတယ်လို့ ဒေဿခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

- ရန်ကုန်မြို့က လှိုင်သာယာမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက သန်ခေါင်းစာရင်း ကောက်ယူတဲ့အချိန် လုံခြုံရေး စိုးရိမ်ရတဲ့အတွက် မေးခွန်းတွေ မေးမြန်းမှာ မဟုတ်ဘဲ စာရွက်နဲ့ပဲ ဖြေထားပေးဖို့ဆိုပြီး သန်းခေါင်စာရင်းကောက်ယူမှုဆိုင်ရာ မေးခွန်းတွေ ပါတဲ့ စာရွက်တွေ လိုက်ဝေသွားတယ်လို့ လှိုင်သာယာမြို့နယ်နေ ပြည်သူတွေက ပြောပါတယ်။

- မန္တလေးတိုင်းက ၊ တံတာဦးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဗိုလ်မှူးသန်းနိုင်ဦး ဆိုသူရဲ့ အမိန့်နဲ့ စစ်မှုထမ်းအပတ်စဉ် ၆ အတွက် လူငယ် အယောက် ၁၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားပြီလို့ ဒေသပြည်သူတွေက ပြောဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

show more

Share/Embed