မှန်ကန်တဲ့အမှား - Right Kind of Wrong
Dr. Phyo Paing Dr. Phyo Paing
84.3K subscribers
5,750 views
337

 Published On Apr 23, 2024

မှန်ကန်တဲ့အမှား - Right Kind of Wrong

ကမ္ဘာ့ထိပ်တန်းကျောင်းတွေက အလကားဖြစ်လာတော့
မဟုတ်ဘူးဆိုတာ တော်တော်နားလည်လာတယ်။
Oxford တို့၊ Harvard တို့ က Professor တွေ
သူတို့ရဲ့ သုံးသပ်မှုတွေ ခွဲခြမ်းစိတ်ဖြာ
စဥ်းစားနိုင်မှုတွေက အံ့သြစရာကောင်းလွန်းလှတယ်။

ဒီစာအုပ်က self-help ထဲပါတယ်။
Professor Amy Edmondson ရေးတယ်။
မြန်မာလိုဆိုရင်တော့ တက်ကျမ်းပေါ့။

လူတွေရဲ့ စိတ်လှုံခြုံမှု psychological safety အကြောင်း
သုတေသနလုပ်ပြီး
ဥာဏ်ရှိရှိ ကျဆုံးမှု Intelligent failure အကြောင်းကို
အသေးစိတ်ခွဲခြမ်းစိတ်ဖြာ ပြထားတယ်။

တချို့စာအုပ်တွေက လေးစားလွန်းလို့
လူကိုပါ လိုက်ရှာကြည့်ရတယ်။

လောကရဲ့ အမြင်ချဲ့ဖို့
မတူညီတဲ့ သုတစာပေတွေဖတ်ဖို့လိုနိုင်တယ်။

စာဖတ်တာ သုတေသနလုပ်တာပဲ။
ဘဝရဲ့ ပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ
များစွာ အထောက်အကူပြုနိုင်တယ်။

"Right Kind of Wrong: The Science of Failing Well" - Amy Edmondson မှ ရေးသားသော စာအုပ်သစ်
မအောင်မြင်မှုဟာ တိုးတက်မှုရဲ့ အဓိက အစိတ်အပိုင်းဖြစ်ကြောင်း Harvard ပါမောက္ခ Amy Edmondson က ဖော်ပြထားပါတယ်။ ဒီစာအုပ်မှာ:

မှားယွင်းမှုတွေကနေ ဘယ်လို သင်ယူပြီး တိုးတက်အောင်လုပ်မလဲ
ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခု ဘယ်လိုဖန်တီးမလဲ
မအောင်မြင်မှုကို ကြောက်ရွံ့နေတာကနေ ဘယ်လို လွတ်မြောက်မလဲ
တီထွင်ဆန်းသစ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မှားယွင်းမှုတွေကို ဘယ်လိုအသုံးချမလဲ

စတဲ့ခေါင်းစဉ်တွေကို လေ့လာဖော်ပြထားပါတယ်။ သိပ္ပံနည်းကျ သုတေသနတွေနဲ့ လက်တွေ့ဥပမာတွေကို အသုံးပြုပြီး မအောင်မြင်မှုကို အပြုသဘောဆောင်တဲ့ အတွေ့အကြုံတစ်ခုအဖြစ် ပြောင်းလဲနိုင်ကြောင်း ပြသထားပါတယ်။
ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးဘဝ၊ စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းတွေမှာ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ရရှိဖို့ မှားယွင်းမှုတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ လေ့လာချင်သူတိုင်းအတွက် မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။
#RightKindofWrong #AmyEdmondson #FailingWell #Innovation #PersonalGrowth

Phyo Paing @ Derek

www.toetet.com/insidernote မှာ
အလားတူစာအုပ်ပေါင်း ၉၃၀ ကျော်
ကြည့်ရှုနိုင်ပါပြီ။

#DerekDaily #Drphyopaing #Marketing #DigitalMarketing #MarketingMyanmar #Motivation #Myanmar

show more

Share/Embed