How to fix Myanmar Fonts Error On Mac
iKey iKey
202 subscribers
8,600 views
67

 Published On Jan 25, 2022

❝Microsoft Excel မှာ မြန်မာစာ(Unicode)မှန်အောင်ဘယ်လိုလုပ်မလဲ❞
.
ဒီ Post လေးမစခင် ဒီဖြေရှင်းနည်းလေးကို တင်ပေးခဲ့တဲ့ Ko Nay Zar Aung ကိုကျေးဇူးတင်ပါတယ်ရှင့်။
ဒီ ဖြေရှင်းနည်း မတွေ့ခင်အချိန်အထိ Excel မှာ မြန်မာစာ(Unicode)မမှန်တာဖြစ်နေတာ Microsoft Excel Software ကဖြစ်နေတာ သူတို့ Fix မလုပ်ပေးသေးတာလို့ပဲထင်ခဲ့တာပါ။
အခုလို ဒီနည်းလမ်းလေးတွေ့မှပဲ အဆင်ပြေသွားတော့တယ်။ အခုညီမ Page က macOS Users တွေအတွက်လည်း သိသွားအောင်လို့ ပြန်လည်မျှဝေပေးချင်ပါတယ်ရှင့်။
.
ပထမဉီးဆုံး Pyidaungsu Book/Numbers Font လေးတွေကို Download ဆွဲပေးပါရှင့်။
.
Download Link-https://bit.ly/pdsforexcel_ikey
.
Download ဆွဲပြီးပြီဆိုတာနဲ့ Folder ထဲက ttf file လေးတွေကို Double click နှိပ်ပြီး install လုပ်ပေးပါ။
ပြီးရင် Excel App ကိုဖွင့် ဘယ်ဖက်ထောင်က  Logo ဘေးက Excel-Preferences-General ထဲက Default Font မှာ Pyidaungsu Book Font ကိုရွေးပေးပါ။
ပြီးရင် ဘယ်ဖက်အောက်ထောင့်က Web Options ထဲဝင်ပေးပါ ပြီးရင် Fonts က Character Set မှာ English/Western ဖြစ်နေတာကို Multilingual/Unicode/Other script ကိုရွေးပေးပြီး Proportional Font နဲ့ Fixed-width Font မှာ Pyidaungsu Book font ကိုရွေးပါ ပြီးနောက် Encoding မှာ Unicode (UTF-8) ကိုရွေးပေးပါရှင့် ပြီးရင် Ok နှိပ်ပါ။ Preferences settings page ကို Close လုပ်ပြီး Excel ကိုပိတ်ပြီး ပြန်ဖွင့်ပေးပါရှင့်။ ပြီးရင် Excel App ကိုပြန်ဖွင့်ပြီး မြန်မာစာရိုက်ကြည့်ပါ မမှန်သေးဘူးဟုတ်။ ဒီမှာ မှန်ဖို့အတွက် Excel Sheet Page တစ်ခုလုံးကို Select မှတ်ပေးဖို့လိုပါမယ်။1 & A ခြားထဲက တြိဂံပုံလေးကိုနှိပ်ပြီး Page တစ်ခုလုံးကို Selete မှတ်ပေးပါ(Command+A နဲ့လည်း Select All မှတ်လို့ရပါတယ်)ပြီးတာနဲ့ Wrap Text လေးကိုနှိပ်လိုက်ရင် အားလုံးအဆင်ပြေသွားပါလိမ့်မယ်ရှင့်။

show more

Share/Embed